Wednesday, May 5, 2010

လစဉ် ဆွမ်း အလှူရှင်စာရင်း (May)

(updated on 01/06/2010 at 9:10 am)
Update: စုစုပေါင်း ဆွမ်းအလှူငွေ (s$၇၀၀x၇၁၀(rate)) ၄၉၇၀၀၀ ကျပ်ကို ၀၁/၀၆/၂၀၁၀ တွင် ပေးပို့ လှူဒါန်း ပါသည်။
သာဓု၊ သာဓု၊ သာဓု


စဉ်အမည်အလှူငွေ(S$)

၁

မခင်သက်ဆွေ

၂၀

၂

ကိုမျိုးအောင်စန်း+မကျော့ကျော့ခိုင် သမီး စောရဒီရာ

၂၀

၃

ကိုကျော်ကျော်အောင်+မသက်ရည်ဝင်း သမီး ရည်တာအောင်

၂၀

၎

ကိုထွန်းမြတ်မိုး+မခင်ညိုနု သား အောင်ကောင်းကောင်း

၂၀

၅

ကိုဝဏ္ဏတင့်ဝေ+မမေသဉ္ဇာဟန်

၂၀

၆

ကိုဇော်မိုးစံ+မသန်းသန်းဋ္ဌေး

၃၀

၇

ဦးအေးကျော်+ဒေါ်တင်တင်မြ သမီး သက်ခိုင်ဇင်

၂၀

၈

မခင်မြ

၂၀

၉

သင်းစုစုအောင်    

၂၅

၁၀

မယဉ်မင်းသူ

၂၀

၁၁

မခင်လှ

၁၅

၁၂

မသိမ့်သိမ့်သူ

၂၀

၁၃

မဥမ္မာစံ

၂၀

၁၄

မချမ်းမြေ့စိုး

၁၀

၁၅

ကိုမြတ်မိုး + မတင်မိုးလှိုင်

၃၀

၁၆

ဒေါ်ခိုင်ခိုင်အောင်

၁၀

၁၇

မယဉ်မင်းထွန်း

၁၀

၁၈

မနန်းသန္တာစိုး

၁၀

၁၉

မဝင်းမော်အေး

၁၀

၂၀

မနန်းခင်ပြုံးမြင့်

၂၀

၂၁

ကိုတင်ထွန်းဆိုင် + မမြင့်မြင့်ခိုင် သား မောင်မင်းသစ်ဆိုင်, မောင်ဟန်သစ်ဆိုင် မိသားစု

၂၀

၂၂

ဦးကျော်ဆင့် + ဒေါ်ခင်သန်း သမီးမဘေးဘေး 
မိသားစု

၃၀

၂၃

စိုးသူရဝင်း

၂၅

၂၄

မမြင့်မြင့်ခိုင်, မမိုးသူဇာ, မတင်တင်ခိုင်

၆၅

၂၅

ဦးအေးမောင်+(ဒေါ်မြသိန်း), ဒေါ်ခင်အုန်းမြင့်(Japan)

၃၀

၂၆

မနွေးနွေးထွေး

၅၀

၂၇

မတင်ဇာကျော်

၁၀

၂၈

မသီတာထွေး

၂၀

၂၉

မသီတာလွင်

၂၀

၃၀

ကိုကျော်ရဲခေါင် + မယဉ်မင်းထိုက်

၃၀

၃၁

ဦးခင်မောင်ဝင်း + ဒေါ်သန်းသန်း သမီးမမို့မို့ခိုင်

၃၀



၇၀၀

လစဉ်ဆွမ်းအလှူငွေများကို လှူဒါန်းရာတွင် ပိုမိုလွယ်ကူမှု့ ရှိစေရန် ၂လစာဖြစ်စေ၊ ၃လစာဖြစ်စေ၊ ၆လစာဖြစ်စေ အစရှိသဖြင့် မိမိအဆင်ပြေသလို ကြိုတင်လှူဒါန်းထားပါက မှတ်သားထားပြီး လစဉ် ပုံမှန် လှူဒါန်းပေးပါမည်။
အလှူ ငွေ များ ကို လစဉ် လ ကုန် ရက် ၌ ပေး ပို့ လှူ ဒါန်း ပါ မည်။
ကုသိုလ်ဒါန ပါဝင်လို ပါက ဖော်ပြပါ Account No. သို့လှူဒါန်းငွေလွှဲ၍မိမိအမည် နှင့် ငွေ ပမာဏ တို့ကို SMS ပို့ပြီး လှူ ဒါန်း နိုင် ပါ သည်။
POSB saving ၀၂၄-၄၇၀၃၄-၂
မကျော့ကျော့ ခိုင်(98446120)
ကိုဇော်မိုးစံ(91714350)

Sunday, May 2, 2010

ဆွမ်းအလှူရှင်၊ ကျောင်းအလှူရှင်များ ၀မ်းမြောက်ဖွယ်

လစဉ်ဆွမ်းအလှူရှင်များနှင့် ယောဂီဆောင်အလှုရှင်များအား ကျေးဇူးတုံ့ ပြန်သောအားဖြင့် မြစိမ်းတောင် ဆရာတော်ဘုရား၏ အောက်ပါတရားစာအုပ်နှင့် တရားခွေများ ဓမ္မဒါနပြု လိုပါသည်။ အလိုရှိသော အလှူရှင်ဓမ္မမိတ်ဆွေများ ထံသို့  စာတိုက်မှတံဆိပ်ခေါင်းကပ်၍ ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ Mail box ထဲသို့  ထည့်သွင်းပေးခဲ့ပါမည်။ သို့ မဟုတ် Peninsula Plaza စိန်ပန်းပြာ ရောင်းဝယ်ရေး (#04-65) နှင့် တရက်တရားစခန်းရက်များ တွင် သတိပဋ္ဌာန်ရိပ်သာ(SMC) ၌ လည်း သွားရောက်ထုတ်ယူနိုင် ပါသည်။
(SMS (သို့ )Email ဖြင့် ကြိုတင်မှာကြားထားသူများသာ)
(စာအုပ်များလုံလောက်စွာ မရှိသေးသဖြင့် ဆွမ်းအလှူရှင်များနှင့် ကျောင်းအလှူရှင်များအား အရင် ဦးစားပေးခြင်း ဖြစ်ပါသည်။)
(1) တရားစာအုပ်
(a) “လွတ်မြောက်မှု ချမ်းသာကိုရှာဖွေခြင်းနှင့် အလုပ်ပေးတရားတော်များ”(First Book)
(သို့ မဟုတ်)
(b) “စိတ်ကိုဆုံးမ ချမ်းသာရ” (Second book)
(သို့ မဟုတ်)
(c) နှစ်အုပ်စလုံး (Both)

(2) ၂၀၁၀ ကိုတာတင်ဂီ (၉) ရက်တရားစခန်းတွင် ဟောကြားထားသော တရားခွေ DVD

(3) လက်ခံရယူလိုသောနေရာ ….
(a) စိန်ပန်းပြာ ရောင်းဝယ်ရေး (#04-65, Peninsula Plaza) (SPP)
(သို့ မဟုတ်)
(b ) မိမိအိမ်လိပ်စာ (Your Mailing Address)
(သို့ မဟုတ်)
(c) သတိပဋ္ဌာန်ရိပ်သာ တရက်တရားစခန်း ( ပထမအပတ်နှင့် တတိယအပတ် တနင်္ဂနွေ တိုင်း)
( နံနက် ၉း၀၀ မှ ညနေ ၅း၀၀ အထိ) (SMC)

(မှတ်ချက်။ ။ လက်ကျန်ရှိသရွေ့ သာ ရပါမည်။)

အလိုရှိသော စာအုပ်၊ နှင့် တရားခွေများကို zawmoesan@yahoo.com.sg (သို့ )SMS ဖြင့် (91714350) သို့  ဆက်သွယ်ရယူနိုင်ပါသည်။
ဥပမာ
“စိတ်ကိုဆုံးမချမ်းသာရ” စာအုပ်နှင့်တရားခွေကို စိန်ပန်းပြာရောင်းဝယ်ရေး တွင် ထုတ်ယူလိုပါက
Second Book, DVD,SPP, (your name)
“လွတ်မြောက်မှု ချမ်းသာကိုရှာဖွေခြင်းနှင့် အလုပ်ပေးတရားတော်များ” စာအုပ်ကိုမိမိအိမ်သို့ ပို့ ပေးစေလိုက
First Book, Blk007,#10-100, Street Name, Postal Code, (your name)
နှစ်အုပ်လုံး နှင့် DVD ခွေကို သတိပဋ္ဌာန်ရိပ်သာတွင် ရယူလိုပါက
Both,DVD,SMC, (your name)

အစရှိသဖြင့်ရေးသားပြီး zawmoesan@yahoo.com.sg (သို့ ) SMS ဖြင့် (91714350) သို့  ဆက်သွယ် ရယူနိုင်ပါသည်။

( ၂၀၁၀ တရားစခန်း မတိုင်ခင်ကတည်းက လွတ်မြောက်မှု ချမ်းသာကို ရှာဖွေခြင်းနှင့် အလုပ်ပေးတရားတော် စာအုပ် ၁၅၀ ကို မြန်မာပြည်မှ မှာယူလှူဒါန်းသော ကိုညိုအောင် + မဆွေဆွေမြင့် မိသားစုနှင့် စိတ်ကိုဆုံးမချမ်းသာရ စာအုပ်ကို ၄၀ ကို လှူဒါန်းသော မခင်သက်ဆွေ အား ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ )

Thursday, April 22, 2010

မြစိမ်းတောင် တရားရိပ်သာ ယောဂီဆောင် ဆောက်လုပ်ရေးအလှူတော်

မြစိမ်းတောင် ယောဂီဟောင်းများနှင့် ဓမ္မမိတ်ဆွေများအား သတင်းကောင်းပါးလိုပါတယ်။

ယခင်ကတည်းက နီးစပ်ရာ မိတ်ဆွေအချို့နှင့် စုပေါင်းပြီး ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ နယ်၊ လိမ္မော်ခြံကျေးရွာ အရှေ့ ဘက် ရိုးမတောထဲရှိ မြစိမ်းတောင်တရားရိပ်သာ၌ ယောဂီများတစ်စုတစ်ဝေး နှင့် ကျယ်ကျယ်ပြန့် ပြန့် စိတ်လက်ချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်ရန် အဆောက်အဦးသစ် ဆောက်လုပ်ပေးဖို့ ဆန္ဒရှိခဲ့ပါတယ်။ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ တောရတရားရိပ်သာဟာ အခြားရန်ကုန်မှာရှိတဲ့ တရားရိပ်သာတွေလို ပြည့်ပြည့်စုံစုံရှိမနေဘဲ ချို့တဲ့လှကာ ယောဂီများဟာ သစ်ကျောင်း၊ ၀ါးကျောင်းများ အတွင်း၌သာ နေထိုင်ကြရပါတယ်။

သံဃာတော်များသတင်းသုံးရာ ကျောင်းဆောင်များ
လက်ရှိယောဂီများနေထိုင်တဲ့နေရာ
အချို့ကျောင်းဆောင်များ၏ အမိုးများမှာ လုံခြံမှုမရှိသည့်အတွက် အခါမလင့်မိုးရွာပါက တရားအားထုတ်သူယောဂီ များအတွက် လွန်စွာမှ အဆင်မပြေဖြစ်ရပါတယ်။

တရားထိုင်ခန်းမကျယ်ကြီးသာ RCကွန်ကရစ်နဲ့ ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ် ခန့် က တက်လမ်းဆောက်လုပ်ရေး ဦးရှိန်ဝင်းနှင့် ရန်ကုန်မှ ဒကာအချို့ ဦးစီးပြီး ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ် ပါတယ်။
ခမ်းမဆောင်အားအပြင်ဘက်မှမြင်ရပုံ
ယခင်က ဆရာတော်ကြီးကိုယ်တိုင် သီတင်းသုံးသော ကျောင်းမှာလည်း ပျဉ်ထောင်၊ သက်ကယ်မိုး ကျောင်းလေးမျှသာ ဖြစ်ပါတယ်။ စင်္ကာပူမှယောဂီဟောင်းများဖြစ်သော သဒ္ဓါတရားထက်သန်လှသည့် ကိုညိုအောင်ခင်၊ မဆွေဆွေမြင့် မိသားစုကပဲ မကြာမီကမှ ဆရာတော်ကြီး သီတင်းသုံးရန်အတွက် သိန်း ၁၈၀ခန့်  ကုန်ကျသော တိုက်ကျောင်း တစ်ဆောင် ဆောက်လုပ်လှုဒါန်းခဲ့ပါတယ်။ ထိုဇနီးမောင်နှံအား ဤနေရာမှ သာဓု ခေါ်လိုက်ပါတယ်။
မကြာမီကမှ ရေစက်ချလှူဒါန်းထားသော ဆရာတော်စံကျောင်းတော်အား တွေ့ ရစဉ်။


ဘေးဘက်မြင်ကွင်း


အကြောင်းအကျိုးညီညွတ်စွာဖန်လာ၍ ယခုနှစ်(၂၀၁၀၊ တရုတ်နှစ်ကူးပိတ်ရက်၊ ကိုတာတင်ဂီ၊မြို့ ၊ မလေးရှား)တရားစခန်းအပြီးမှာ စင်္ကာပူမှယောဂီဟောင်းများ ဖြစ်ကြတဲ့ မတင်တင်ခိုင်နှင့် မကျင်ကျင်ရီတို့ ညီမနှစ်ယောက်မှ ယောဂီ၎ဦး နေထိုင်နိုင်သော ယောဂီဆောင် ဆောက်လုပ်ရန် အတွက် မတည်ငွေကျပ်သိန်းငါးဆယ်ကို မြစိမ်းတောင်ဂေါပကအဖွဲ့အား ဆက်သွယ် လှူဒါန်းခဲ့ပါတယ်။ ဂေါပကအဖွဲ့ဝင်အချို့နဲ့ အလှူရှင်များကို ကျနော်တို့ ဖုန်းဖြင့်ဆက်သွယ်ပြီး ယောဂီအများအပြားနေထိုင်နိုင်တဲ့ အဆောက်အဦးအသစ် ဆောက်လုပ်ဖို့ အကြံပြုခဲ့ပါတယ်။ ဆရာတော်ဘုရားကြီး၊ အလှူရှင်များနဲ့ ဂေါပကအဖွဲ့တို့၏ သဘောတူခွင့်ပြုချက် ရပြီးနောက် စင်္ကာပူနှင့် ရန်ကုန်တွင်လည်း ဆက်လက်ပြီး အလှူငွေကောက်ခံပေးမည်ဟု ကတိပြုခဲ့ပါတယ်။

ခန့် မှန်းခြေ ကုန်ကျစရိတ်မှာ ကျပ်သိန်း ၇၅၀ ခန့်ဖြစ်ပြီး အဆောက်အဦးသစ်အတွက် လိုအပ်သော ဒီဇိုင်းပုံစံများ ရေးဆွဲခြင်း၊ တိုင်းထွာခြင်းများ ပြုလုပ်နေပြီဖြစ်ပါတယ်။ ယခုအချိန်အထိ သိန်းတစ်ရာခန့် ကောက်ခံရရှိထားပြီး၊ ယခုစီမံကိန်းအတွက် လိုအပ်လျက်ရှိသော ငွေပမာဏကို စုပေါင်းကောက်ခံပေးသွားမှာ ဖြစ်ပါတယ်။ ဤတရားရိပ်သာ အဆောက်အဦးသစ် ဆောက်လုပ်ပြီးစီးသွားပါက စင်္ကာပူနှင့် အခြားနိုင်ငံများ၊ ရန်ကုန်နှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ယောဂီများ ဥတု သုံးပါးမရွေး အဆင်ပြေစွာ သွားရောက် တရားအားထုတ်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါအဆောက်အဦမှာ RC ၂ ထပ်ဆောင်ဖြစ်ကာ ယောဂီနှစ်ယောက် ခန်းပေါင်း ၄၀ခန်း ပါဝင်ပြီး၊ ပြီးစီးပါက ယောဂီ ပေါင်း ၈၀ ခန့် စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်မှာဖြစ်ပါတယ်။ ယောဂီဆောင်ဆောက်လုပ်လှုဒါန်းခြင်းနှင့် ပတ်သက်ပြီး ၉ပေx၁၀ပေ အကျယ်ရှိ ယောဂီနှစ်ယောက်အိပ်ခန်းတစ်ခန်းကို လက်ရှိကာလပေါက်ဈေးဖြင့် မြန်မာငွေ ၁၁သိန်း၊ ၇သောင်းခန့်  (စင်္ကာပူဒေါ်လာ ၁၆၂၀) ၀န်းကျင်ဖြင့် စတင်လှူဒါန်း နိုင်ပြီဖြစ်ပါတယ်။ အဆိုပါတစ်ခန်းစာ အတွက် S$၁၆၂၀ကို လစဉ် S$၉၀ အရစ်ကျ (installment) စနစ်ဖြင့် ၁၈ လ ကြာပေးသွင်းခြင်းဖြင့်၎င်း၊ မိမိတို့  ကိုယ် ပိုင် အစီအစဉ်ဖြင့် အဆင်ပြေသလို ပေးသွင်းခြင်းဖြင့်၎င်း စတင်လှုဒါန်းနိုင်ပြီဖြစ် ပါတယ်။ အလှုရှင်များ၏ အမည်များကို သာဓုခေါ်ဆိုနိုင်ရန်အတွက် မိမိတို့ မိသားစုအမည်ဖြင့်ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်း များနှင့် စုပေါင်းပြီးဖြစ်စေ ကဗျည်းထိုး ပေးမှာဖြစ်ပါတယ်။

အိပ်ခန်းတစ်ခုအနေဖြင့် မဟုတ်ဘဲ အဆောက်အဦးအတွက်၊ အခြားမရှိမဖြစ်လိုအပ်သည့်နေရာများ (ရေချိုးခန်း၊ အိမ်သာ၊ စင်္ကြန်လျှောက်လမ်း၊ လှေခါး အစရှိသည်များ )အတွက် လှူဒါန်း လိုသူများလည်း အဆင်ပြေသလို လွတ်လပ်စွာ နည်းများမဆို သဒ္ဓါတတ်အားသရွေ့ပါဝင်လှူဒါန်းနိုင်ပါတယ်။

မိတ်ဆွေတို့အနေဖြင့်လည်း ရိပ်သာဆောင်ဖြစ်မြောက်ရေးအတွက် ကိုယ်တိုင်လည်း ပါဝင်လှူဒါန်းရုံသာမက မိသားစုဝင်နဲ့ သူငယ်ချင်း မိတ်ဆွေများအကြား နိဗ္ဗာန်အကျိုးရည်မျှော်၍ တိုက်တွန်းနှိုးဆော်ကာ ကောက်ခံပေးမည်ဆိုပါက ကျွန်တော်တို့အနေဖြင့် အတိုင်းထက်အလွန် ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိမှာ ဖြစ်ပါတယ်။ ယခုတင်ပြအပ်သော ယောဂီတရားရိပ်သာ အဆောက်အဦးသစ် ဆောက်လုပ်ရေးအတွက် လှုဒါန်းမှုတွင် ပါဝင်လိုသောဆန္ဒများရှိခဲ့ပါက အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ကိုသိန်းစိုး +၆၅-၉၆၃၈၈၃၇၉ thein.soe@yaskawa.com.sg

မကျော့ကျော့ခိုင် +၆၅-၉၈၄၄၆၁၂၀ kyawtkk@gmail.com

ကိုဇော်မိုးစံ +၆၅-၉၁၇၁၄၃၅၀ zawmoesan@yahoo.com.sg

လှူဒါန်းရန် Account No - POSB Saving 024-47034-2

( လှူဒါန်းလိုသည့် မည်သည့် ငွေပမာဏမဆို ၀မ်းမြောက်စွာ လက်ခံကြိုဆိုပါသည်။ )
အသေးစိတ်သိလိုသော အကြောင်းအချက်များရှိပါက ကျနော်တို့အား အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မြစိမ်းတောင်ကျောင်းတွင် ယောဂီဆောင် ဆောက်လုပ်လှူဒါန်းမည်ကြားကတည်းက နီးစပ်ရာ မိတ်ဆွေ ယောဂီ ဟောင်း များမှ သဒ္ဓ္ဓါ တရားထက်သန်စွာ စတင် လှူဒါန်းကြ၊ စာရင်းပေးကြပါတယ်။ ထိုလှူဒါန်းကြသူများ အထဲတွင် အရှင်ဆန္ဒ္ဒာဓိက(ရွှေပါရမီတောရ) ရဲ့  ခမည်းတော်ကြီး ဦးစိန်ဝင်းနဲ့ ၊ မြစိမ်းတောင်ရိပ်သာမှာ တရား သွားရောက် အားထုတ် ဘူးတဲ့ မယ်တော်ကြီး ဒေါ်သိန်းသိန်းတို့ လည်းအပါအ၀င်ဖြစ်ပါသည်။ အဆိုပါအလှူရှင်စာရင်းကို (ဒီနေရာမှာ ဖတ်ပါ)ကြည့်ရှု၍ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါတယ်။

မိတ်ဆွေများအားလုံးလည်း ကျနော်တို့၊ ကျမတို့နှင့်အတူ ယောဂီဆောင် ဆောက်လုပ်လှူဒါန်းရာတွင် နည်းများမဆို ကုသိုလ်ပါဝင်ဖို့  လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။

ဤသို့ လှူဒါန်းရာတွင် ဥာဏ်ဦးစီးသောပါရမီမြောက်ကုသိုလ်ဖြစ်ရန် သာသနာတော်ကြီး စည်ပင်ပြန့် ပွားလိုစိတ်၊ မဂ်၊ဖိုလ် နိဗ္ဗာန် ရကြောင်း အထောက်အပံ့ဖြစ်လိုစိတ်နှင့် ကုသိုလ်ပြုမည်ဆိုပါက အမှန်တကယ်ပင် နိဗ္ဗာန်ရောက်သည်အထိ ပို့ဆောင် ပေးမည့် အားကြီးသော အကြောင်းအထောက်အပံ့ဖြစ်မှာ အသေအချာပင်ဖြစ်ပါတယ်။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။

မေတ္တာမွန်ဖြင့်

မြစိမ်းတောင်ကျောင်း ယောဂီဆောင်ဖြစ်မြောက်ရေးအဖွဲ့ (စင်္ကာပူ)

--------------------------------------------------------------------------------------------
မြန်မာပြည်တွင် လှူဒါန်းလိုသူများ အောက်ပါပုဂ္ဂိုလ်များထံဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဦးတူး (၀၁-၅၅၄၉၀၀)
ဦးဝင်း (၀၁-၂၉၇၃၀၀)
ဦးအောင်ဝင်း (၀၁-၅၅၄၉၀၀)
(မှတ်ချက်။ ။ မြန်မာပြည်တွင် လှူဒါန်းသူများ ဤဘလောဂ်ရှိအလှူရှင်စာရင်းတွင် ဖော်ပြနိုင်မည်မဟုတ်ပါ)

Sunday, April 18, 2010

လစဉ် ဆွမ်း အလှူရှင်စာရင်း (April)

Update: စုစုပေါင်း ဆွမ်းအလှူငွေ (s$၆၉၀x၇၂၄) ၄၉၉၅၆၀ ကျပ်ကို ၂၉/၀၄/၂၀၁၀ တွင် ပေးပို့ လှူဒါန်း ပါသည်။
သာဓု၊ သာဓု၊ သာဓု

လစဉ်ဆွမ်းအလှူငွေများကို လှူဒါန်းရာတွင် ပိုမိုလွယ်ကူမှု့ ရှိစေရန် ၂လစာဖြစ်စေ၊ ၃လစာဖြစ်စေ၊ ၆လစာဖြစ်စေ အစရှိသဖြင့် မိမိအဆင်ပြေသလို ကြိုတင်လှူဒါန်းထားပါက မှတ်သားထားပြီး လစဉ် ပုံမှန် လှူဒါန်းပေးပါမည်။
အလှူ ငွေ များ ကို လစဉ် လ ကုန် ရက် ၌ ပေး ပို့ လှူ ဒါန်း ပါ မည်။
ကုသိုလ်ဒါန ပါဝင်လို ပါက ဖော်ပြပါ Account No. သို့လှူဒါန်းငွေလွှဲ၍မိမိအမည် နှင့် ငွေ ပမာဏ တို့ကို SMS ပို့ပြီး လှူ ဒါန်း နိုင် ပါ သည်။
POSB saving ၀၂၄-၄၇၀၃၄-၂
မကျော့ကျော့ ခိုင်(98446120)
ကိုဇော်မိုးစံ(91714350)

Sunday, April 4, 2010