Sunday, September 26, 2010

ယောဂီဆောင် အဆောက်အဦ ပုံစံငယ်

မြစိမ်းတောင်တောရရိပ်သာတွင် မကြာမ်ီဆောက်လုပ်တော့မယ့် အဆောက်အဦ ပုံစံငယ်ဖြစ်ပါတယ်။ အလှူရှင်များ လှူဒါန်းထားတဲ့ ဒီယောဂီဆောင်ဟာ များမကြာမီမှာ တကယ့်အဆောက်အဦအသွင် အဖြစ် မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ်။ အမှန်တကယ် ဆောက်လုပ်ရာတွင် အနည်းငယ်ကွဲလွဲမှုရှိနိုင်ပြီး
အနီးစပ်ဆုံး ရရှိသလောက် တင်ပြထားခြင်းသာဖြစ်ပါတယ်။



အရှေ့ ဘက်မှ မြင်ရပုံ

ပိုပြီးရှင်းလင်းပြတ်သားတဲ့ပုံကို ထပ်မံတင်ပေးပါဦးမယ်။


အနောက်ဘက်မှ မြင်ရပုံ

အနောက်ဘက် အိမ်သာ၊ ရေချိုးအဆောင်ပေါ်တွင် Concrete Slab မိုး ၍ ယောဂီတဆောင်လုံး သုံးရန်အတွက် ရေစင်တင်ရန် အကြောင်းကြားထားပြီးဖြစ်ပါတယ်။ ထိုရေစင်အတွက် ကုန်ကျစရိတ်ကို လှူဒါန်းလိုသူများ သိသာနိုင်ရန် တင်ပြထားမှာ ဖြစ်ပါတယ်။



လက်ဝဲဘက်မှ မြင်ရပုံ


လက်ယာဘက်မှ မြင်ရပုံ


မြေညီထပ်အခန်းဖွဲ့ ပုံ

လက်ရှိပုံစံအရ ယောဂီတဆောင်လုံးအတွက် အများသုံး အိမ်သာ ၁၀ခန်း၊ အများသုံး ရေချိုးခန်း ၈ခန်း နှင့် ၃ ယောက်ခန်း ၄ ခန်းအတွက် ရေချိုးခန်း အိမ်သာ တွဲလျှက် ၄ခန်း ပါရှိပါသည်။ အထက်ပါပုံတွင် မြင်တွေ့  ရသည့်အတိုင်း ရေချိုးခန်းမသုံးလိုသူများ အ၀တ်လျှော်၊ ရေချိုးပြုလုပ်နိုင်စေရန် အောက်ထပ်အပြင်ဘက်တွင် အုတ်ရေချိုးကန် (water tank) တည်ဆောက်ထားပေးမှာဖြစ်ပါတယ်။ အခြေအနေအပေါ်မူတည်ပြီး အိမ်သာများ မလုံလောက်ပါက အပြင်ဘက်တွင် တိုးချဲ့ ၍ ထပ်မံဆောက်လုပ်ရန်လည်း အစီအစဉ်ရှိပါတယ်။ ယခုအချိန်တွင် အဆောက်အဦ ပြီးစီးရေးအတွက်ကို အရင်ဦးစားပေးဆောင်ရွက်မှာဖြစ်ပါတယ်။


အပေါ်ထပ်အခန်းဖွဲ့ ပုံ

အလျှင်းသင့်သလို ထပ်မံ update လုပ်သွားပါဦးမယ်။ အကြံပြုချက်များအားလုံးကို ကြိုဆိုပါတယ်။ ယခင်စီစဉ် ထားသည့်အတိုင်း အောက်တိုဘာလအတွင်းတွင် စတင်ရန် တောင်းဆိုထားပြီး ဖြစ်ပါတယ်။

No comments:

Post a Comment