Sunday, August 15, 2010

တရားစခန်း သတင်း

မြစိမ်းတောင်တရားစခန်းဝင်ယောဂီဟောင်းများနှင့် ဓမ္မမိတ်ဆွေများအားဝမ်းသာစကား အသိပေး ပြောကြား လိုပါတယ်။ မကြာမီက ယောဂီဆောင် ဆောက်လုပ်ခြင်းကိစ္စအတွက် မြန်မာပြည်သို့ ပြန်စဉ်အတွင်း ဆရာတော် အား စင်္ကာပူတွင် နောက်နှစ်တရားစခန်း (Chinese NewYear 2011) အတွက်တရား ပြသပေးရန် ပင့်ဖိတ်ရာ ဆရာတော်မှ လက်ခံလိုက်ပါတယ်။ (အခြားအကြောင်းထူး တစုံတရာမရှိခဲ့လျှင် လာမည့်နှစ်မှာလည်း တရား စခန်းကို ဆက်လက် ကျင်းပဖြစ်မှာဖြစ်ပါတယ်။)
အစီအစဉ် အသေးစိတ်ကို တရားစခန်းအတွက် publicizeမလုပ်ခင် တစ်လ နှစ်လခန့် ကြိုတင်ပြီး www.myaseintaung.blogspot.com တွင် ကြေငြာထား ပါမယ်။

No comments:

Post a Comment