Sunday, August 15, 2010

ယောဂီဆောင်ဆောက်လုပ်မှု သတင်းအချက်အလက်များ ၂

အဆောက်အဦနဲ့ ပတ်သတ်ပြီး အားလုံး သာဓုခေါ်ဆိုနိုင်ရန် အနည်းငယ် update လုပ်လို ပါတယ်။ ယခင်က ၂ယောက်ခန်း( ၉’x၁၀’) အခန်း ၄၀ စီစဉ်ထားရာမှ အလှူရှင်အချို့ ရဲ့  တောင်းဆိုချက်ကြောင့် WC attached ပါ(အိမ်သာရေချိုးခန်းတွဲလျှက် ( ၉’ x ၁၆’) ၃ ယောက်ခန်း ၄ခန်း နှင့် ရိုးရိုး ၃ ယောက်ခန်း( ၉’ x၁၆’ ) ၄ ခန်းကို စုစုပေါင်း (ဂ)ခန်းကို ထပ်မံ ဖြည့်စွက်ထားပါတယ်။ ၃ ယောက်ခန်း (WC မပါ) ကို ၂၅၉၀ ဖြင့်၎င်း (WC attached) ပါ ၃ယောက် ခန်းကို ၃၂၅၀ ဖြင့် ၄င်း မိမိနှစ်သက်ရာ မိမိတို့  အဆင်ပြေသလို အရစ်ကျစနစ်ဖြင့် ဖြစ်စေ၊ တလုံးတည်း ဖြစ်စေ 2011 Dec 31 မတိုင်ခင်ပေး ချေခြင်းဖြင့် လှူဒါန်းနိုင်ကြပါပြီ။

ယခုအချိန်အထိ ၂ ယောက်ခန်း အခန်း ၄၀ အနက် အခန်းပေါင်း ၃၃ ခန်းကို၎င်း၊ ၃ ယောက်ခန်း (WC attached) အခန်း ၄ခန်းအနက် ၂ ခန်းကို ၄င်းလှူဒါန်းကြပြီးဖြစ်ပါတယ်။
ထို့ ကြောင့် ၂ ယောက်ခန်း ၇ ခန်း၊ ၃ ယောက်ခန်း ( WC attached ပါ) ၂ ခန်း နှင့် ၃ ယောက်ခန်း (WC attached မပါ ) ၄ ခန်း ကျန်ရှိပါတယ်။
အဆောက်အဦအတွက် ကုန်ကျစရိတ်အနေဖြင့် နောက်ဆုံး proposed plan အရ မြန်မာငွေ သိန်း ၁၁၀၀ ( S$ 148K ) ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။
အခန်းများအားလုံးအလှူရှင်ပြည့်သောအခါ သိန်း ၆၅၀ (S$ 88 K ) ခန့်  ရရှိမှာဖြစ်ပါတယ်။ မ တည်ငွေနှင့် အထွေထွေအလှူရှင်များဘက်မှ အလှူငွေ သိန်း ၁၁၀ ခန့် လည်းကောက်ခံရရှိပြီးဖြစ်ပါတယ်။
(အထက်ဖော်ပြပါ ငွေပမာဏ များမှာ ငွေလှဲလှယ်နှုန်း ထားပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်)

၎င်းအပြင် ယောဂီအခန်းများအပ အခြားမရှိမဖြစ်အရေးကြီးသော ကျန်နေရာများကိုလည်း မိတ်ဆွေများ အားလုံးအလှူပါဝင်နိုင်ရန်အတွက် အောက်ပါနှူန်းထားများဖြင့်လည်း လှူဒါန်းနိုင်ကြပါတယ်။

၁ စတုရန်းပေ စင်္ကာပူဒေါ်လာ ၂၀
၂ စတုရန်းပေ စင်္ကာပူဒေါ်လာ ၄၀
၃ စတုရန်းပေ စင်္ကာပူဒေါ်လာ ၆၀
၅ စတုရန်းပေ စင်္ကာပူဒေါ်လာ ၁၀၀
၁၀ စတုရန်းပေ စင်္ကာပူဒေါ်လာ ၂၀၀ အစရှိသဖြင့်၎င်း
၁စတုရန်းပေကို S$ 20 နှုန်းဖြင့် လှူဒါန်းနိုင်ကြပါတယ်။
(စတုန်းပေ ၁၀ နှင့်အထက်အလှူရှင်များအား ကဗျည်းထိုးပေးပါမည်)

(ထိုအလှူအတွက် စုစုပေါင်း စတုရန်းပေ ၂၀၀၀ ကျော် လှူဒါန်းရန် ကျန်ရှိပါသည်)

ရေချိုး(၁) ခန်း စင်္ကာပူဒေါ်လာ ၄၅၀
(အလှူရှင်အမည် ကဗျည်းထိုးပေးပါမည်)

ရေအိမ်(၁) ခန်း (ဘိုထိုင်) စင်္ကာပူဒေါ်လာ ၄၅၀
(အလှူရှင်အမည် ကဗျည်းထိုးပေးပါမည်)

ရေအိမ် (၁) ခန်း (ရိုးရိုး) စင်္ကာပူဒေါ်လာ ၃၅၀
(အလှူရှင်အမည် ကဗျည်းထိုးပေးပါမည်)

လှေခါးတခုလုံးအတွက် စင်္ကာပူဒေါ်လာ ၂၈၈၀
(အလှူရှင်အမည် ကဗျည်းထိုးပေးပါမည်)

အစရှိသည်ဖြင့် စတင် လှူဒါန်းနိုင်ကြပြီဖြစ်ပါတယ်။

အဆောက်အဦ လှူဒါန်းသူများအနေဖြင့် ထိုအဆောက်အဦတည်ရှိနေသမျှ၊ ယောဂီများ အားထုတ်နေသမျှ ကုသိုလ် အချိန်ပြည့် ရရှိနေမှာဖြစ်ပါတယ်။ သူတပါး အဆင်ပြေစွာ ချမ်းချမ်းသာသာ အားထုတ်စေလိုသည့ှ် စေတနာသည် မိမိတို့ တရားအားထုတ်သည့် အခါတွင် လည်း “စေတနာသည်သာကံ” ဟု မြတ်စွာဘုရား ဟောကြားသည့်အတိုင်း တူညီသောအကျိုးပေးမည်မှာ မလွဲ ဧကန်ပင်ဖြစ်ပါတယ်။ ကျောင်းလှူခြင်းကြောင့် ရသော အခြားအကျိုးများလည်း ဆုတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ ရကြမှာဖြစ်ပါတယ်။

လက်ရှိ အလှူရှင်စာရင်းများကို http://myaseintaung.blogspot.com/2010/05/blog-post.html မှာ ကြည့် ၍ သာဓုခေါ် ဆိုနိုင်ပါတယ်။

အလှူရှင်သစ်များကိုလည်း နည်းများမဆို တတ်အားသရွှေ့  ကုသိုလ်ပါဝင်ဖို့  လေးစားဖိတ်ခေါ် လိုက်ပါတယ်။

မကြာခင်မှာ ဆရာတော်ရဲ့  ကိုတာတင်ဂီ တရားခန်းမှ ဗီဒီယိုတရားတော်များ၊ MP3 တရားတော် အသစ်များ အပြင်၊ တရားစာအုပ်များ၊ မြန်မာပြည်မှ တရားခွေရရှိသမျှကို website အသစ်မှာ ဖော်ပြသွားမှာ ဖြစ်ပါ တယ်။ website အသစ်ကို လက်ရှိ http://myaseintaung.blogspot.com/ မှလည်း redirect လုပ်ပေး မှာဖြစ်ပါတယ်။ website အသစ် address (url)ကို မကြာခင် အသိပေးပါမယ်။ အဆောက်အဦပုံစံ အပြီးသတ်လည်း မကြာခင် ထွက်လာပြီး website မှာမြင်ရတော့မှာဖြစ်ပါတယ်။
( လက်ရှိနှစ်ယောက်ခန်းအလှူရှင်များ မည်သည် သုံးယောက်ခန်းမဆို ပြောင်းလဲလှူဒါန်း လိုပါက လှူဒါန်းနိုင်ပါသည်။)
စတုရန်းပေနှင့် လှူဒါန်းလိုသူများအနေဖြင့် 3 Sq Ft, S$ 60, Maung Hla အစရှိသဖြင့် အောက်ပါပုဂ္ဂိုလ် များထံသို့  SMS ပို့  ၍ ဖြစ်စေ၊ တိုက်ရိုက်ဖုန်းဖြင့် ဆက်သွယ်ပြီးဖြစ်စေ လှူဒါန်းနိုင်ပါတယ်။
အခြားလှူဒါန်းသူများလည်း အဆင်ပြေသလို SMS ဖြင့်ဖြစ်စေ တိုက်ရိုက်ဖုန်းဖြင့်ဆက်သွယ်ပြီးဖြစ်စေ မေး မြန်းစုံစမ်း လှူဒါန်း နိုင်ကြပါတယ်။

မကျော့ကျော့ခိုင် +၆၅-၉၈၄၄၆၁၂၀ kyawtkk@gmail.com
ကိုဇော်မိုးစံ +၆၅-၉၁၇၁၄၃၅၀ zawmoesan@yahoo.com.sg
လှူဒါန်းရန် Account No - POSB Saving 024-47034-2

No comments:

Post a Comment