Sunday, May 2, 2010

ဆွမ်းအလှူရှင်၊ ကျောင်းအလှူရှင်များ ၀မ်းမြောက်ဖွယ်

လစဉ်ဆွမ်းအလှူရှင်များနှင့် ယောဂီဆောင်အလှုရှင်များအား ကျေးဇူးတုံ့ ပြန်သောအားဖြင့် မြစိမ်းတောင် ဆရာတော်ဘုရား၏ အောက်ပါတရားစာအုပ်နှင့် တရားခွေများ ဓမ္မဒါနပြု လိုပါသည်။ အလိုရှိသော အလှူရှင်ဓမ္မမိတ်ဆွေများ ထံသို့  စာတိုက်မှတံဆိပ်ခေါင်းကပ်၍ ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ Mail box ထဲသို့  ထည့်သွင်းပေးခဲ့ပါမည်။ သို့ မဟုတ် Peninsula Plaza စိန်ပန်းပြာ ရောင်းဝယ်ရေး (#04-65) နှင့် တရက်တရားစခန်းရက်များ တွင် သတိပဋ္ဌာန်ရိပ်သာ(SMC) ၌ လည်း သွားရောက်ထုတ်ယူနိုင် ပါသည်။
(SMS (သို့ )Email ဖြင့် ကြိုတင်မှာကြားထားသူများသာ)
(စာအုပ်များလုံလောက်စွာ မရှိသေးသဖြင့် ဆွမ်းအလှူရှင်များနှင့် ကျောင်းအလှူရှင်များအား အရင် ဦးစားပေးခြင်း ဖြစ်ပါသည်။)
(1) တရားစာအုပ်
(a) “လွတ်မြောက်မှု ချမ်းသာကိုရှာဖွေခြင်းနှင့် အလုပ်ပေးတရားတော်များ”(First Book)
(သို့ မဟုတ်)
(b) “စိတ်ကိုဆုံးမ ချမ်းသာရ” (Second book)
(သို့ မဟုတ်)
(c) နှစ်အုပ်စလုံး (Both)

(2) ၂၀၁၀ ကိုတာတင်ဂီ (၉) ရက်တရားစခန်းတွင် ဟောကြားထားသော တရားခွေ DVD

(3) လက်ခံရယူလိုသောနေရာ ….
(a) စိန်ပန်းပြာ ရောင်းဝယ်ရေး (#04-65, Peninsula Plaza) (SPP)
(သို့ မဟုတ်)
(b ) မိမိအိမ်လိပ်စာ (Your Mailing Address)
(သို့ မဟုတ်)
(c) သတိပဋ္ဌာန်ရိပ်သာ တရက်တရားစခန်း ( ပထမအပတ်နှင့် တတိယအပတ် တနင်္ဂနွေ တိုင်း)
( နံနက် ၉း၀၀ မှ ညနေ ၅း၀၀ အထိ) (SMC)

(မှတ်ချက်။ ။ လက်ကျန်ရှိသရွေ့ သာ ရပါမည်။)

အလိုရှိသော စာအုပ်၊ နှင့် တရားခွေများကို zawmoesan@yahoo.com.sg (သို့ )SMS ဖြင့် (91714350) သို့  ဆက်သွယ်ရယူနိုင်ပါသည်။
ဥပမာ
“စိတ်ကိုဆုံးမချမ်းသာရ” စာအုပ်နှင့်တရားခွေကို စိန်ပန်းပြာရောင်းဝယ်ရေး တွင် ထုတ်ယူလိုပါက
Second Book, DVD,SPP, (your name)
“လွတ်မြောက်မှု ချမ်းသာကိုရှာဖွေခြင်းနှင့် အလုပ်ပေးတရားတော်များ” စာအုပ်ကိုမိမိအိမ်သို့ ပို့ ပေးစေလိုက
First Book, Blk007,#10-100, Street Name, Postal Code, (your name)
နှစ်အုပ်လုံး နှင့် DVD ခွေကို သတိပဋ္ဌာန်ရိပ်သာတွင် ရယူလိုပါက
Both,DVD,SMC, (your name)

အစရှိသဖြင့်ရေးသားပြီး zawmoesan@yahoo.com.sg (သို့ ) SMS ဖြင့် (91714350) သို့  ဆက်သွယ် ရယူနိုင်ပါသည်။

( ၂၀၁၀ တရားစခန်း မတိုင်ခင်ကတည်းက လွတ်မြောက်မှု ချမ်းသာကို ရှာဖွေခြင်းနှင့် အလုပ်ပေးတရားတော် စာအုပ် ၁၅၀ ကို မြန်မာပြည်မှ မှာယူလှူဒါန်းသော ကိုညိုအောင် + မဆွေဆွေမြင့် မိသားစုနှင့် စိတ်ကိုဆုံးမချမ်းသာရ စာအုပ်ကို ၄၀ ကို လှူဒါန်းသော မခင်သက်ဆွေ အား ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ )

No comments:

Post a Comment