Saturday, May 8, 2010

ယောဂီဆောင်ဆောက်လုပ်မှု သတင်းအချက်အလက်များ ၁

မြစိမ်းတောင်တောရရိပ်သာတွင် အားထုတ်သူယောဂီအရေအတွက်မှာ အမျိုးသမီးယောဂီ အများစုဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးယောဂီဆောင်များမှာ လုံခြုံမှုမရှိသည့်အတွက် ယခုယောဂီဆောင်ကို အမျိုးသမီးယောဂီများအတွက် ရည်ရွယ်ပါသည်။

အခန်းအလှူရှင်များ နှင့် ယောဂီဆောင်အတွက် အထွေထွေအလှူရှင်များ တိုးတက်လာမှုအပေါ် မူတည်ပြီး လက်ရှိ၂ ယောက်ခန်း အခန်း ၄၀ မှ အခန်း ၅၀ အထိ တခါတည်း အပြီး တိုးချဲ့  ဆောက်လုပ်ရန် အစီအစဉ် ရှိပါသည်။

ယနေ့ (၁၃-၀၅-၂၀၁၀) အထိ အခန်းပေါင်း ၂၆ ခန်းလှူဒါန်းထားကြပြီး၊ ဆက်လက်၍ မတည်ငွေနှင့် အထွေထွေ အလှူရှင်များ၊ အခန်းအလှူရှင်များ အမြောက်အမြား ပါဝင်လှူဒါန်းကြမည်ဟု မျှော်လင့်ပါသည်။ သို့ ပါ၍ လှူဒါန်းရန် စီစဉ်ထားသူများ မလှူဖြစ်သေးသည့်တိုင် ကြိုတင်ပြီး စတင်စာရင်းပေး ထားနိုင်ကြပါပြီ။

သံဃာများနှင့်၊ အမျိုးသား ယောဂီဆောင်ကိုလည်း အမျိုးသမီးယောဂီဆောင် ပြီးစီးချိန်တွင် ဆက်လက် ဆောက်လုပ်ရန် အကောင်အထည်ဖော်ပါမည်။

ယောဂီဆောင်ဆောက်လုပ်ရန်အတွက် ယခုမေလ ၂၉ ရက်နေ့ တွင် မြန်မာပြည်ပြန် ၍ ဆောက်လုပ်မည့် ကန်ထရိုက်တာနှင့် ဈေးနှုန်းသတ်မှတ်ခြင်း၊ အလုပ်အပ်နှံခြင်း၊ ပုံစံ အပြီးသတ်ရန် ဆွေးနွေးခြင်း၊ ဆောက်လုပ်မည့် နေရာနှင့် ရက် သတ်မှတ်ခြင်း၊ ငွေပေးချေမှုစနစ် သတ်မှတ်ခြင်း တို့ ကိုပြုလုပ်မည်ဖြစ်ပါသည်။

( သို့ ပါ ၍ ၂၉-၀၅-၂၀၁၀ မှ ၁၂-၀၆-၂၀၁၀ အထိ ကျနော် ဇော်မိုးစံ (+၆၅-၉၁၇၁၄၃၅၀) အား ဆက်သွယ် ၍ မရနိုင်ပါ။ ထိုအတောအတွင်း ယောဂီဆောင်အတွက် လှူဒါန်းခြင်းနှင့် ပတ်သတ်ပြီး ဆက်သွယ်လိုပါက ဖော်ပြထားသော ကိုသိန်းစိုး (သို့ ) မကျော့ကျောခိုင် သို့  ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါသည်။)့

ထိုအဆောက်အဦးသစ်ဆောက်လုပ်ရေးအတွက် မြစိမ်းတောင်ဆရာတော်၏ ပစ္စည်းလေးပါး ဒါယကာလည်းဖြစ်၊ အရှင်ဆန္ဒာဓိက၏ ရွှေပါရမီဓမ္မစာပေပြန့် ပွားရေးတာဝန်ခံလည်းဖြစ်၊ ဒါယကာအရင်းလည်း ဖြစ်သော တက်လမ်းဆောက်လုပ်ရေးမှ ဦးရှိန်ဝင်းကိုယ်တိုင်လည်း ပါဝင်လှူဒါန်းပြီး အဆောက်အဦးအတွက်လည်း အမြတ်အစွန်းတစုံတရာမယူပဲ ဆောက်လုပ်ပေးပါမည်။

အဆောက်အဦးသစ်ကို ယခုနှစ်မိုးအကုန် အောက်တိုဘာလလောက်တွင် စတင်ပြီးဆောက်လုပ်မည်ဖြစ်ပြီး၊ တည်ဆောက်ချိန် တစ်နှစ်ခန့် ကြာပါမည်။ ကောက်ခံရ ရှိသော အလှူငွေများ ကို ဆောက်လုပ်ရန်အတွက် စတင်ပြင်ဆင်သော အချိန်တွင် လိုအပ်သလို ပေးပို့ သွားမည်ဖြစ်ပြီး ပေးပို့  သော ငွေပမာဏများနှင့် လက်ကျန်ငွေ စသည်များကို အများမြင်သာရန်နှင့် သာဓုခေါ်ဆိုနိုင်ရန် ဤ ဘလောဂ့်ငယ် ကလေးတွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အလှူရှင်စာရင်း Update ပြုလုပ်ခြင်းနှင့် ပတ်သတ်ပြီး မကျော့ကျော့ခိုင် (+၆၅-၉၈၄၄၆၁၂၀) သို့ တိုက်ရိုက်ဆက် သွယ်နိုင်ပါသည်။

အဆောက်အဦးပြီးစီးပါက မြန်မာပြည်ရှိ အလှူရှင်မိသားစုဝင်များကိုယ်တိုင် ရေစက်ချအမျှဝေနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး စင်္ကာပူသို့ ဆရာတော်ဘုရား ကြွရောက်လာပါက စင်္ကာပူတွင်လည်း ရေစက်ချအမျှဝေနိုင်ရန် စီစဉ်ပေးပါမည်။

(အကြံပြုချက်များနှင့် စုံစမ်းမေးမြန်းမှုအားလုံးအား လှိုက်လှဲစွာ ကြိုဆိုပါသည်။)

No comments:

Post a Comment